Wednesday, August 5, 2015



ကံမ သြဂုတ် ၎
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်မင်းတုန်းချောင်းရေများတရှိန်ထိုးကျဆင်းလာရာ မင်းတုန်းချောင်းကူး တံတား(ရေနံ့သာ)၏
မြောက်ဘက်တံတားချည်းကပ်လမ်းတာဘောင်မှာရေတိုက်စားခြင်းခံရသဖြင့် အရှည်ပေ ၃၀၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့သည်။ ချည်းကပ်လမ်းတာဘောင်ပျက်စီးခဲ့သော်လည်း ၇၀၀ ပေ အရှည်ရှိ ဘေလီတံတားမှာ ပျက်စီးဆုံးရုံးမှုတစုံတရာမရှိကြောင်းတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
သရက်ခရိုင်အတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသရှိပြည်သူုများသည် ရေကြောင်းလမ်း
တစ်ခုတည်းကိုသာအားကိုးခဲ့ကြရာမှနိုင်ငံတော်အစိုးရအနေဖြင့် မင်းဘူး-သရက်-ကံမ-ပြည် မော်တော်
ကားလမ်းကို ဖောက်လုပ်ပေးခဲ့သဖြင့် ခရီးသွားလာရေးလွယ်ကူချောမွေ့ ပြီး ကုန်စည်စီးဆင်းမှုမှာ လည်းမြန်ဆန်ခဲ့သည်။ အဆိုပါတံတားတာဘောင်ပျက် စီးခဲ့သဖြင့် လက်ရှိအနေအထားတွင် တဘက်ကမ်းမှ တဘက်ကမ်းသို့စက်လှေများဖြင့်ဖြတ်သန်းသွားလာနေကြရသည်။ သရက်-ကံမ-ရန်ကုန် နှင့် မကွေး-သရက်-ကံမခရီးသည်တင်မော်တော်ယာဉ်လိုင်းများ၊ကုန်တင်ယာဉ်များ သွားလာမှုရပ်ဆိုင်းထားရသည့်အတွက် ခရီးသွားပြည်သူများ သွား
လာရေးခက်ခဲပြီးကုန်စည်စီးဆင်းမှုပြတ်တောက်ခဲ့ကြောင်းဒေသခံပြည်သူတစ်ဦးမှပြောကြားခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video