Wednesday, August 5, 2015


ထီးလင်း ဇူလိုင် ၎
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထလင်းကျေးရွာနေဒေသနေပြည်သူများ၏
ထည့်ဝင်လှူဒါန်းငွေများဖြင့် ကိုယ့်အားကိုယ်ကိုးဆောက်လုပ်သည့် တော်ဝင်စေတနာ ဆေးခန်းဖွင့်ပွဲ အခမ်း အနားကို ဇူလိုင် ၂၈ ရက်ကအဆိုပါဆေးခန်းရှေ့၌ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ မြို့နယ်အုပ်ချုပ်ရေးမျှူး ဦးတင်လတ်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိန်ပို တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
အဆိုပါဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်သဖြင့်ထလင်းကျေးရွာအတွက် သာမက ထလင်းကျေးရွာနှင့် ထိစပ်လျှက်ရှိသည့် ကျေးရွာများအပြင် ထလင်းကျေးရွာနှင့် နီးစပ်လျှက်ရှိသည့် ချင်းပြည်နယ်အတွင်းမှ ကျေးရွာ များအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video