Thursday, August 6, 2015
3:35 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး သြဂုတ် ၅
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်သမ္မတကြီး
နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစုနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ထောက်ပံ့လှူဒါန်း
ခြင်းကို သြဂုတ်လ(၅)ရက် နေ့က ပြုလုပ်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက
ဒေါ်နီနီဝင်း၊ ဥက္ကဌ ဒေါက်တာ ဒေါ်ခင်မာထွန်း နှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ
အဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်၊ ဥက္ကဌ ဒေါ်သင်းသင်းထွေးတို့သည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရားရှိ ကယ်ဆယ်ရေးစခန်းတွင် ရေဘေး သင့်ပြည်သူများ အိမ်ထောင်စု(၁၃၈၄)စုအတွက် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းမိသားစုမှ ကျပ်(၅)သိန်း နှင့်မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကျပ်သိန်း(၆၀)၊ မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ များမှ ကျပ်သိန်း(၅၀) စုစုပေါင်း (၁၁၅)သိန်းတန်ဖိုးရှိ မိုးကာ၊ ဆပ်ပြာမှုန့်၊ အပ်ချည်လုံး၊ အပ်၊ စားသောက်ကုန် ပစ္စည်းများ၊ မျက်နှာသုတ်ပ၀ါ၊ ဖယောင်းတိုင်ထုပ်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အတွင်းရေးမှူးသမားတော်ကြီး ဒေါက်တာဒေါ်ခင်ဆွေအုန်းက
ရေဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးအသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment