Thursday, August 6, 2015
3:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် သြဂုတ် ၅
မကွေးတိုင်းဒေသကြီးသရက်မြို့၌ စစ်တက္ကသိုလ် အပတ်စဉ်(၃၁)မိသားစု နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကိုယ်စာလှယ်လုပ်ငန်းဌာန ဌာနခွဲ(၂) ၀န်ထမ်းမိသားစုများမှလှူဒါန်းသည့် ရေဘေးသင့် ပြည်သူ
များအတွက် ဆေးဝါးနှင့် ပစ္စည်းများ၊အ၀တ်အထည်များ လှူဒါန်းခြင်းကိုယနေ့နံနက်(၁၀း၃၀)နာရီက
ရေဘေးသင့် ပြည်သူများ ပြောင်းရွှေ့ နေထိုင်သည့် ရွှေမုဋောဓမ္မာရုံနှင့်စမုတ်ဘုန်းတော်ကြီးကျောင်း
အတွင်း ပေးအပ်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် ထုံးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၊တောင်မင်းတည်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရေဘေးသင့် ပြည်သူများ
တက်ရောက်ကြသည်။
ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းများမှာ ငါးသေတ္တာ(၇၀)ဖာ၊ ဆန်(၃၈)အိတ်၊
(၆)ပြည်ဝင်အိတ် (၁၁)အိတ်၊ဆား(၁၃)အိတ်၊ ဆီ(၈)တွဲ၊ဘီစကွတ် (၁)အိတ်၊တစ်လီတာရေသန့် (၁၆)ကဒ်၊ရေသန့် ဆေး(၁)ဘူး၊ဆေးဝါးပစ္စည်း(၃)ဖာ၊အ၀တ်ထုတ် (၂၃)ထုတ်တို့အားအလှူရှင် ဗိုလ်မှူး တင်မျိုးအောင်(ငြိမ်း)DSA31 အငြိမ်းစားအဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုငိကိုယ်စာလှယ် လုပ်ငန်းဌာန ဌာနခွဲ(၂) ၀န်ထမ်းမိသားစုမှလှူဒါန်းရာ ရွှေမုဋောဓမ္မာရုံတွင်ရေဘေးရှောင်ပြည်သူများမှလက်ခံရယူပြီး
စမုတ်ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့် ပြည်သူများမှ လက်ခံပေးခဲ့သည်။
ထို့နောက် အလှူရှင် ဗိုလ်မှူး တင်မျိုးအောင်(ငြိမ်း) DSA -31 က လှူဒါန်းရခြင်းရည်ရွယ်ချက်အား
ပြောကြားပေးခဲ့သည်။စုစုပေါင်းပစ္စည်း(၉)မျိုးအတွက်(ကျပ်သုံးဆယ့်ရှစ်သိန်းခုနှစ်သောင်းတစ်ထောင်
သုံးဆယ့် လေးတိတိ)ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment