ဂန့်ဂေါ သြဂုတ် ၅
ဂန့်ဂေါမြို့နယ်တွင် ဇူလိုင် ၂၄ ရက်မှစ၍ ရက်တစ်ပတ်ကျော်ကြာ အဆက်မပြတ်ရွာသွန်းသော မိုးကြောင့် ချောင်းရေ၊ မြစ်ရေများ ကြီးမြင့်ခြင်း၊ လမ်းပန်းအဆက်အသွယ်များ ပြတ်တောက်သွားခြင်းများရှိခဲ့ သဖြင့် ဂန့်ဂေါ စာတိုက်မှ ချောအိတ် ၊ ချောစာများ ပေးပို့ရောက်ရှိရာတွင် အချိန်မှန်မဟုတ်ဘဲ
နောက်ကျမှ ရောက်ရှိလာသည်များရှိခဲ့သော်လည်း ယခုအခါ ဂန့်ဂေါ- မုံရွာ- မန္တလေးလမ်း၊ ဂန့်ဂေါ- ထီးလင်း- ကျောက်ထု၊ ပခုက္ကူ လမ်း များ ကောင်းမွန် လာပြီဖြစ်သည့်အတွက် သြဂုတ် ၄ ရက်မှ စတင်ကာ ချောအိတ်၊ ချောစာများ ပုံမှန်ပေးပို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂန့်ဂေါစာတိုက်တွင် အမြန်ငွေပို့လွှာစနစ်ကို လက္ခံပေးပို့နေပြီးနေ့ချင်းရောက် အမြန် ငွေပို့လွှာ ဖြင့် ဆက်သွယ်ပေးပို့နိုင်သည့် စာတိုက်ပေါင်း၃၄၃ တိုက်သို့ လကွံပေးပို့လျှက်ရှိကြောင်းနှင့် ငွေပို့လွှာ ပို့ခ နှုန်းထားမှာ ယခင် ၁၀၀ ကျပ်အတွက် ၅ ကျပ် ကောက်ခံခဲ့သော်လည်း ယခုအခါတွင် ပို့ငွေ ၁၀၀ ကျပ် အတွက် ၅၀ ပြားသာ ကောက်ခံသည့်အတွက် စာတိုက်ငွေပို့လွှာစနစ်ကို စိတ်ဝင်စားသူများပြားလာကြောင်း
သိရသည်။
Thursday, August 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment