Thursday, August 6, 2015



ချောက် သြဂုတ် ၅ ရက်
ချောက်မြို့နယ် အတွင်း၊ အမှတ်(၂) ရေဝင်ရင်ကွက် ရှိ ပြည်သူများအား ကျောက်တဲကျောင်း ဆရာတော် မှ အိမ်ထောင်စု (၃၆)စုအား အိမ်ထောင်စု(၁)စုလျှင် ဆန်တစ်ပြည်စီ လှူဒါန်းပေးခြင်း၊ မြို့နယ်စည်ပင်
မှလည်း လူဦးရေ (၁၃၆) ဦးအတွက် ရေသန့် (၆) လုံးကပ်ပါ ရေသန့်ကပ်( ၁၅ )ကပ် ၊ ဦးအောင်ကိုဝင်နှင့်သူငယ်ချင်းများအဖွဲ့မှ ရေသန့်ဘူးကြီး( ၆၀ )ဘူးတို့ကို လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍မြို့နယ်အတွင်း ရေဝင်၍ ရွှေ့ပြောင်းနေထိုင်ကြသောရပ်ကွက်စုစုပေါင်း(၆)ရပ်ကွက်ရှိ ပြည်သူ
များအား ရွှေဘုံတောင်သောက်ရေသန့်မှ တစ်ရက်ကွက်လျှင် ရေသန့်ဘူးကြီး (၇၅) ဘူး လှူဒါန်းလျှက် ရှိကြောင်း၊မနောဖြူလူမှုကူညီရေးအသင်းမှလည်းအဆိုပါရေဝင်ရပ်ကွက် နေရွှေ့ပြောင်းနေထိုင်သုပြည်သူများ
အား နေ့ည ထမင်းဘူးများလှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အမှတ် (၇ )ရပ်ကွက်ရေဝင်ပြည်သုများအတွက် ဦးမျိုးသန့်၊ဒေါ်ခိုင်မာထွန်း တို့မှ ကောင်းသန့်ရေသန့်ဘူး 1 လီတာဘူး (၆၅) ဘူး လှူဒါန်းသွားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video