Wednesday, August 12, 2015
2:02 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သြဂုတ် ၁၁
ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာ ဓမ္မသုခ တရားရိပ်သာတွင် ယနေ့နံနက် (၁၁)နာရီက ရေဝင်
အိမ်ထောင်စုများအား မြို့နယ်တိုင်းရင်း ဆေးကုဌာနနှင့်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး
ဦးစီး ဌာနတို့ ပူးပေါင်း၍ဆေးကုသပေး ခြင်းနှင့်နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ခြင်း တို့ ကွင်းဆင်း
ဆောင်ရွက်ကြရာ ရှေ့ဦးစွာ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ရီရီလွင်ကတိုင်းရင်းဆေး အ ကြောင်း သိကောင်း
စရာ များကို ဆွေးနွေး ဟောပြောပြီးမြို့နယ်ဦးစီး မှူး ဒေါ်မျိုးမျိုးသွယ် က သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ
သိမှတ်ဖွယ်ရာဗဟု သုတ များကို ဆွေးနွေး ဟောပြောပြီး လက်ကမ်းစာ စောင်ဖြန့်ဝေ ခြင်းနှင့် မိုးလေဝသ
သတင်း များကို အ ချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အတွက် ရေဒီယိုတစ်လုံးအား ကျေးရွာ ရာအိမ်မှူး ဦးအုန်းကျော်ထံ လှူဒါန်းပါသည်။
ဆက်လက်၍ တိုင်းရင်းဆေး ကုဌာ နဝန်ထမ်းများက ဆေးကုသခြင်းတို့ ဆောင် ရွက်ကြပြီး မြိုနယ်
ပြန်ကြားရေး နှင့်ပြည့်သူ့ဆက်ဆံရေးဝန်ထမ်းများက နယ်လှည် စာ ကြည့်တိုက် ဖွင့်လှစ်ပေး ကြကြောင်း သတင်း ရရှိပါသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment