Wednesday, August 12, 2015




ပွင့်ဖြူ သြဂုတ် ၁၀
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ဥယျာဉ်ကျစ် ကုန်းဇောင်း သံကိုင်းလမ်း သည်ရေတိုက်စားသောကြောင့် လမ်းများအချို့တစ်ဝက် ပျက်စီးသွားခဲ့သည်။ပျက်စီးသွားသော လမ်း၏
မိုင်တိုင်အမှတ်၎/၁မှ၆/၀ထိဒေသခံပြည်သူများ သွားလာရလွယ်ကူစေရေးအ တွက်လမ်းဦးစီးဌာန
ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အမြန်ဆုံးအသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။လုပ်ငန်းများဆောင်ရွက်မှု
အပေါ် အရည်အသွေးပြည့်မီစေရန်နှင့်ကောင်းမွန်စေရန် အတွက် မကွေးတိုင်း ဒေသကြီးလမ်းဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်၊မြို့နယ် လမ်းဦးစီးအရာရှိ
ဦးခင်မောင်ဌေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ဒေါ်အေးမြတ်ဆွေတို့က ကြပ်မတ်ဆောင်ရွက် လျက်
ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video