Wednesday, August 12, 2015


အောင်လံ သြဂုတ် ၁၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အဖွဲ့သည် သြဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင်
 အောင်လံမြို့သို့ရောက်ရှိလာပြီး သရက်ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင် အောင်လံမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသိန်းဆင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျှက် အောင်လံမြို့အတွင်း ဧရာဝတီမြစ်ရေ၀င်ရောက်
မှုကြောင့်ပျက်စီးမှုနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်းများကိုလှည့်လည်ကြည့်ရှုကြသည် ။ ထိုသို့ကြည့်ရှုရာ
တွင် ၀န်ကြီးချုပ်နှင့်အဖွဲ့သည်မြို့မဈေးကြီးအတွင်း နုံးမြေများတင်ကျန်နေမှုအားရှင်းလင်းဖယ်ရှားနေသည်ကို
ဝင်ရောက်ကြည့်ရှုပြီး ဈေးသူဈေးသားများကို အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး
ခန်းမတွင် ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်ဖွံ့/ထောက် ကော်မတီဝင်များ မြို့နယ်အမျိုးသားသဘာဝဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ကမြို့နယ်
အတွင်း မြစ်ရေ၀င်ရောက်မှုအခြေအနေနှင့် ထောက်ပံ့မှုအခြေအနေများ ပြန်လည်ထူထောင်ရေးအခြေအနေ
များကို ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြကာဌာနဆိုင်ရာအကြီးအကဲများမှဌာနအလိုက်ဆောင်ရွက်ထားရှိမှု
အခြေအနေများကိုတင်ပြကြပြီး ၀န်ကြီးချုပ်မှလိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်း
ရရှိသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video