Wednesday, August 12, 2015



ပွင့်ဖြူ သြဂုတ် ၁၁
ဇူလိုင်လ (၂၉)ရက်နေ့မှ စတင်ပြီး တိုက်ခတ်ခဲ့သည့် ကိုမန်ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်
 မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း
 ပွင့်ဖြူမြို့နယ်အတွင်းမြို့ပေါ်နှင့်ကျေးရွာများတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တပ်မတော်သားများ၊မီးသတ်တပ်ဖွဲ့နှင်င့် ဌာနဆိုင်ရာများက
ပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိပါသည်။
ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများနှင့် တင်ကျန်သည့် နုန်းများကိုဖယ်ရှားခြင်း
သန့်ရှင်းရေးများပြုလုပ်ဆောင်ရွက်လျက်ရှိရာ တပ်မတော်သာဒေါ်းများနှင့် မီးသတ်တပ်ဖွဲ့များ အပြင် မကွေးမြို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ(၆၀)ဦး ကလည်း ပွင့်ဖြူမြို့နယ် ဆေးရုံ လူနာဆောင်များ အတွင်းနှင့် ဆေးရုံဝင်းအတွင်းသန့်ရှင်းရေးများကိုကူညီဆောင်ရွက်လျက် ရှိကြောင်းသိရ သည်။(ပွင့်ဖြူ မြို့နယ် ပြည်သူ့ကျန်းမာရေးမှူးဦးစီးဌာနမှူး ဒေါက်တာ သီတာတင်ဝင်း မှ ရှင်းလင်းချက်)
ပွင့်ဖြူမြို့နယ်အတွင်း ရေဘေးသင့် ကျောင်းများမှာ (၁၂၈)ကျောင်းရှိခဲ့ပြီး ၃.၈.၂၀၁၅ရက်နေ့မှ စတင်ပြီး
၁၁.၈.၂၀၁၅ရက်နေ့ထိ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကျောင်းပေါင်းမှာ (၁၁၂)ကျောင်းရှိပြီး မြစ်ရေ၀င်ရောက်နေ
သည့်အတွက် ဖွင့်လှစ်ခြင်းမပြုနိုင်သေးသည့် ကျောင်း(၂၄)ရှိကြောင်းနှင့်အထက(ခွဲ)သမင်ခြံ၊ အလက(ခွဲ)
သရက်တော၊ အမက-မင်းဇံတို့မှာ ရွှံ့နွံများကျန်ရှိနေသဖြင့် တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့်
 ဒေသခံများမှရှင်းလင်းဆောင်ရွက်လျက်ရှိပါသည်။ ရေဘေးသင့် ကျောင်းသား/သူများအတွက် ကျောင်းသုံး
ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များ၊ ဘောပင်၊ ခဲတံများကိုလည်း ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးပို့လျက်
ရှိရာတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တဆင့် ရေဘေးသင့် မြို့နယ်များသို့ စနစ်တကျ ထောက်ပံ့ပေးပို့
လျက်ရှိပါသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်း မြို့တွင်းသန့်ရှင်းရေးနှင့်ဈေးများအတွင်း သန့်ရှင်း ရေးများ
ကို ဆောင်ရွက်ခဲ့ပြီး သြဂုတ်လ (၉)ရက်နေ့မှစတင်ပြီး ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရ
သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video