Friday, August 7, 2015




သြဂုတ် ၆
ဆင်ပေါင်မြို့နယ်တွင် မြို့နယ်အုပ်ချုပ် ရေးမှူး နှင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ| မြို့ နယ်ကော်မတ(ီ၃)ရပ်အဖွဲ့ဝင်များ | မြို့နယ် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီဝင်များ| မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ| မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် (၅ -၈ -၂၀၁၅ ) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ (၁၇ :၁၅)နာရီအထိ လက်ပန် ငူကျေးရွာ | အင်းမကုန်းကျေးရွာ| ညံတော အင်းကျေးရွာ|အင်းကြား ကျေးရွာ| ကျောက် ချက် ကျေးရွာများသို့ သွားရောက်ပြီး ရေဝင်ရောက်မူ အခြေအနေ နှင့် ရေလွတ်သည့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စုများ
အခြေအနေတို့ကို လိုက်လံကြည့်ရှု့ခဲ့ပြီး အဆိုပါ အိမ် ထောင်စု များ အား ဆန်အိတ်တို့ နှင့် ခေါက်ဆွဲခြောက်ဖာ တို့ကို လှူဒါန်းပေးကာ မြွေအန္တ ရာယ်ကာ ကွယ်ရေးစသည့် ကျန်းမာရေးဆိုင်ရာ အသိ ပညာခြင်းတို့ လည်း မှာကြားခဲ့ကြပါသည်။
ထို့ပြင် လက်ပန်ငူကျေးရွာတွင် ကျေး ရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ဖွံ့ဖြိုး တိုး တက်ရေး အထောက် အကူပြု ကော်မတီတို့ အစီအစဉ်ဖြင့်ရွှေ့ပြောင်းထားသည့် (၂) ဖာ လုံခန့်အကွာ နွားစာ ပေါများသည့် ကျယ်ဝန်း သည့် ကုန်းမြင့်ပေါ် တွင် ထားရှိ သည့် နွား ကောင်ရေ (၁၇၀) ကောင်အား လည်း သွား ရောက်ကြည့်ရှု့ခဲ့ပါသည်။
ထို့ပြင် လက်ပန်ကျေးရွာတွင် အမှတ် (၁၃) ကာကွယ်ရေး ပစ္စည်းစက်ရုံမှူး ဗိုလ်မှူး ကြီးကိုကိုလေးနှင့် အတူ ကျေးရွာ အတွင်းမြစ်ရေဝင်ရောက်မူ အခြေအနေများ ကိုကြည့်ရှု့ခြင်း နှင့် အမှတ် (၁၃) ကာ ကွယ် ရေး ပစ္စည်းစက်ရုံ တပ်ရင်း တပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍
ရေဝင် ပြီး လမ်းမပေါ်တွင် ရေကျော်နေသော ရွာတွင်း လမ်းအား
မြေဖို့ပြုပြင် ဆောင်ရွက်နေသော နေရာအားလည်း သွားရောက်ကြည့်ရှု့ ခဲ့ ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video