Friday, August 7, 2015
4:37 PM
minnthwin
Crime, NEWS, Regional News
No comments
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ ကျားသိုက်ကျေးရွာနေ ရာအိမ်မှူး ဦးဖိုချို(၄၉)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ကျေးရွာအတွင်း၌ ''မီးလောင်လို့ လာကြပါအုံး'' ဟု အော်သံကြား၍ သွားရောက်ကြည့်ရှုရာ မီးလောင်နေသောအိမ်အတွင်းတွင် တစ်ရွာတည်းနေ မိုးထွန်း(၃၄) နှစ်မှ အရက်သောက် နေသည်ကို တွေ့ရပြီး ၎င်းမှ ''ငါ့အိမ်ငါ မီးရှို့တာ ဘာဖြစ်သလဲ၊ မငြိမ်းနဲ့'' ဟု ပြောသော်လည်း ကျေးရွာ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာလူထုမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၂x၂)ပင်ပတ်လည် အိမ်(၁) လုံး၊ ကာလတန်ဖိုး(၁ဝ,ဝဝဝိ/-) ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျေးရွာအတွင်းရှိ မိမိနေအိမ်အား မီးရှို့သူ မိုးထွန်းအား အရေးယူပေးရန် ၆.၈.၂ဝ၁၅ ရက်နေ့ ၂ဝ၄ဝ အချိန် ဦးဖိုးချိုမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၂၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment