၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နေ့လည် (၁း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ မြောက်ဘက်ကပ်လျှက်ရှိ တိုးတက်ရေးလယ်ရေသွင်းမြောင်းတွင် အမျိုးသား တစ်ဦး ရေနစ်သေဆုံးနေကြောင်းသတင်းအရ ပဒါန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူမှာ ပဒါန်းကျေးရွာနေ ဓါတ်ပုံရိုက်လုပ်ငန်းလုပ်ကိုင်သူ ကျော်ဇင်မောင်မောင် (၃၁)နှစ် ဖြစ်ပြီး ၎င်းသည် အရက်သေစာသောက်စားပြီး တစ်ဦးတည်း မြောင်းရေအနက် (၂)ပေခန့်ရှိ လယ်ရေ သွင်းမြောင်း အတွင်း ရေဆင်းချိုးနေစဉ် အကြောတက်ပြီး မှောက်လျှက်အနေအထားဖြင့် ပြင်ပ ဒဏ်ရာ မတွေ့ရှိ ရဘဲ ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ပါရန် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၇/၂ဝ၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment