Thursday, August 6, 2015


ချောက် သြဂုတ် ၆ ရက်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ မိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို
 ချောက်မြို့နယ်၊ ကြောင်လျှာတော ကျေးရွာ အထက ကျောင်းအတွင်း ၌ သြဂုတ်လ ၆ ရက်နေ့ နံနက်
(၀၉း ၀၀) နာရီ က ကျင်းပခံ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်မှ ပျိုးပင်များကို မြို့နယ်ပညာရေးမှူး
 ဒေါ်ကြည်ကြည်ဝင်း ထံ သို့လည်းကောင်း၊ ဌာနဆိုင်ရာများမှလည်း ဆရာ၊ဆရာမများနှင့်
 ကျောင်းသားကျောင်းသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၅၀၀) ခန့် ယူကစ်ပင် (၈၀၀) နှင့် ယင်းမာပင် (၂၀၀) စုစုပေါင်း ပျိုးပင် (၁၀၀၀) ကို စိုက်ကွက်အလိုက်စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video