Thursday, August 6, 2015
4:44 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ သြဂုတ် ၆
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ၀င်ရောက်လျှက်ရှိသော မြို့ပေါ်ရပ်ကွက်များ နှင့် ဧရာဝတီမြစ်ကမ်း တလျှောက် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအားKBZ ဘဏ်မိသားစုနှင့်TOMORROW ဂျာနယ်မိသားစုတို့မှ ကျပ်သိန်း၂၅၀ ကျော် တန်ဖိုးရှိဆန်နှင့်မီးဖိုချောင်သုံး ပစ္စည်းများအား သြဂုတ် ၅ ရက်နေ့ကလှူဒါန်းခဲ့ပြီး ဒေသခံစေတနာရှင်များနှင့် ရန်ကုန်မြို့မှအလှူရှင်များလည်း
လာရောက်လှူဒါန်းလျှက်ရှိသည်။ကံမမြို့၊အမှတ်၂ရပ်ကွက်၊ရွှေစည်းခုံဘုရားဓမ္မာရုံတွင်ဆရာတော်၊ သံဃာတော်များ ၏ ဦးဆောင်မှုဖြင့် ကူညီထောက်ပံ့ရေး စခန်းကို ယာယီဖွင့်လှစ်ထားရှိပြီး လာရောက်လှူဒါန်းကြသောပစ္စည်းများအားရေဘေးသင့်ပြည်သူများလက်ဝယ်အရောက်ကူညီထောက်ပံ့
လှူဒါန်းလျှက်ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment