၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ည (၁၁း၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁)ရပ်ကွက်၊ ဘူတာပတ်လမ်းရှိ သိန်းနီလာ တည်းခိုခန်း အပေါ်ထပ် ဧည့်ခန်းတွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တောင်တွင်းကြီးမြို့၊ အုန်းတော(၁) ရပ်ကွက်နေသူ အောင်ကိုဝင်း (၃၇)နှစ် နှင့်အတူ အုန်းတော (၁)ရပ်ကွက်နေသူ ကိုမျိုး (၃၆)နှစ်၊ ထွန်းနိုင် (၃၀)နှစ်၊ မျိုးကျော်သူ (၃၂)နှစ်၊ ကျော်ဝင်း (၅၃)နှစ်၊ ကျော်စိုး(၄၁)နှစ်၊ မျိုးလွင် (၄၅)နှစ်၊ စိုးမိုးနိုင် (၃၂)နှစ်၊ ရွှေကြာအင်း (၁)ရပ်ကွက်နေသူ ကျော်နိုင် (၄၅)နှစ် နှင့် ရွှေကြာအင်း(၂)ရပ် ကွက်နေသူ နေမျိုးအောင် (၃၇)နှစ် တို့(၁၀)ဦးအား အေသုံးလုံး တံဆိပ်ပါ ဖဲချပ် ၅၂ ချပ်၊ ဖဲလောင်းကစား ရာတွင် အသုံးပြုသည့် ကြွေပန်းကန်တစ်ချပ်၊ ပုဆိုးဟောင်း တစ်ထည်နှင့် ငွေစက္ကူရောရာ ၅၄၀၅၀ိ/-တို့နှင့် အတူ တွေ့ရှိသိမ်းဆည်း ရမိသဖြင့် အောင်ကိုဝင်းပါ (၁၀)ဦးအား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅၂/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, August 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment