၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ ဆုံကုန်းကျေးရွာနေသူ ကျော်ဇံလင်း (၄၉)နှစ်၏ နေအိမ်တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၃/၂၀၁၅)ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ ၀ါးကွပ်ပြစ်ပေါ်မှ သုံးလုံးထီလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် လောင်း ကစားပြုလုပ်သူ ကျော်ဇံလင်းအား စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်း(ပ) ၂၀/၂၀၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၁/၂၀၁၅)ဖြင့် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်နေသူ ဦးထွန်းဝေ (၅၁)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးထွန်းဝေနှင့် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်နေသူ ဦးဝင်းရွှေ(၆၇)နှစ် တို့အား တွေ့ရှိရပြီး ဦးထွန်းဝေ၏ နေအိမ် မီးဖိုခန်းရှိ ကြောင်အိမ်ပထမ အဆင့်မှ နှစ်လုံး ထီ လောင်းကစားရာတွင် အသုံးပြုသော ပလပ်စတစ် ခြင်းအပြာ အသေး(၁)လုံးနှင့် ခြင်းအတွင်း ထည့်ထားသည့် ငွေစက္ကူရောရာ ၄၃၁၆၅၀ိ/-၊ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ တွေ့ရှိရပြီး ဦးထွန်းဝေအိပ်သည့် ကုတင်ပေါ်တွင် RAINBOW ဆပ်ပြာဗူးခွံအတွင်း ထည့်ထားသည့် ငွေစက္ကူရောရာ ၂၁၄၀၀ိ/-၊ နှစ်လုံးထီ လောင်းကစား စာရွက်စာတမ်း များနှင့် ဆက်စပ်ပစ္စည်းများ၊ ဦးထွန်းဝေ ကိုင်ဆောင်သည့် CDMA ၀၉၃၃၂၄၄၄၂၅ ဆင်းကဒ်ပါ HUAWEI အဖြူရောင် ဖုန်း(၁)လုံး၊ GSM ၀၉၇၉၈၉၈၃၂၄၃ ဆင်းကဒ်ပါ Telenor အနက်ရောင် ဖုန်း(၁)လုံးအား တွေရှိသိမ်းဆည်းရမိပြီး နှင့် ဦးထွန်းဝေ နေအိမ်တွင် ရောက်ရှိနေသော ဦးဝင်းရွှေအား ဆက်လက် စစ်ဆေးရာ ၎င်းထံမှ နှစ်လုံးထီဂဏန်းများ ရေးသားတွက်ချက်ထားသော ဗလာစာရွက် အပိုင်း (၁)ရွက်နှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရောရာ ၂၁၀၀ိ/-၊ (စုစုပေါင်း လောင်းကြေးငွေ -၄၅၅၁၅၀ိ/-) တို့အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဦးထွန်းဝေနှင့် ဦးဝင်းရွှေတို့အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၉/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း၊

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ညနေ (၃း၄၅)နာရီ အချိန်ခန့်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ ပခုက္ကူမြို့ နယ်၊ အေးကျွန်း ကျေးရွာအနီး ပခုက္ကူ-ကျွဲတဲရွာသွား ကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ၄င်းလမ်း အတိုင်း ရွှေချောင်းရွာဘက်မှ အေးကျွန်းရွာဘက်သို့ လမ်းလျှောက်လာသော ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေး ရွာနေသူ မောင်စိုး (၄၈)နှစ်အား စစ်ဆေးရာ ၄င်း၏အင်္ကျီ အိပ်ကပ်အတွင်းမှ နှစ်လုံးထီ လောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၈၄၆၀၀ိ/-၊ ခါးကြားတွင် ထိုးထားသည့် ပလပ်စတစ်အိတ် အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာ တမ်းများအား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မောင်စိုးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၃၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment