Wednesday, August 26, 2015



ပွင့်ဖြူ သြဂုတ် ၂၆
ကျေးလက်နေပြည်သူများဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘ၀ မြင့်မားလာစေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် LIFT FUND တို့ပူးပေါင်းဆောင် ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း မိတ်ဆက်အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် သြဂုတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ဦးစီးအရာရှိ ဦးကျော်ကျော်မှ စီမံချက်ရေးဆွဲ သွားမည့် ကျေးရွာများ ၏အချက် အလက် များအားရှင်းလင်းပြောကြားရာတွင် တစ်နိုင်ငံလုံး ကျေးရွာပေါင်း (၁၇၀)ကို စမ်းသပ်၍ ကျေးရွာ ဖွံ့ဖြိုး ရေးစီမံချက်အား ၀န်ထမ်းများမှ ကျေးရွာ အရောက် အချက်အလက် များအားကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း၊ပွင့်ဖြူမြို့နယ်အနေဖြင့်မုန်းဇလဲ၊ဇီးတော၊ဖလံကျင်း၊ကံသာကြီး၊

လယ်လှကုန်းကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာကို သြဂုတ်လမှ စက်တင်ဘာလအတွင်း စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း၊စာရင်းကောက်ယူရာတွင် ထုတ်လုပ် မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ အသိပညာဖွံ့ဖြိုးစေမည့် သင်တန်းများ ကဏ္ဍ၊ယဉ်ကျေးမှု ကဏ္ဍ၊ လူငယ်များ၏ကဏ္ဍ များဖြင့် ထည့်သွင်းရေး ဆွဲ သွားမည်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊စာရင်းကောက်ယူမည့်ကျေးရွာ(၅)ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video