ပွင့်ဖြူမြို့ အမေထွားနှင့်သားများ ပဲဆီသန့်၊နှမ်းဆီသန့် လုပ်ငန်း ကရေဘေး သင့်ပြည်သူများအား ဇူလိုင်လ (၃၁)ရက်နေ့မှစ၍ယနေ့သြဂုတ်လ(၃)ရက်နေ့ထိတိုင်အောင် တစ်နေ့လျှင်ထမင်းထုပ်ပေါင်း
(၉၀၀၀)ကျော်ကို နံနက် နှင့်ည(၂)ကြိမ်ဝေငှလျက်ရှိရာ ဆန်အိတ်(၁၀၀)ကျော်ကုန်ကျ
လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သြဂုတ်လ(၃)ရက်နေ့တွင် ကံသာကြီးကျေးရွာရေဘေးကယ်ဆယ်ရေး
စခန်း၌ ထမင်းထုပ်များ ဝေငှပေးသည့်အပြင် မြို့ပေါ်ရပ်ကွက်များသို့ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရပ်ကွက်အတွင်း မှီခိုနေထိုင်သူမိသားစုဝင်များသည်မိမိနေအိမ်သို့ ပြန်လည်နေထိုင်ရန်ရွှံ့နွံ
များဖြင့် သွားရောက်နေထိုင်ရန်အခက်အခဲရှိသဖြင့် စားသောက်နေထိုင်ရေး အဆင်ပြေစေရန် ထမင်းထုပ်များ လိုက်လံဝေငှပေးလျက်ရှိသည်။
ထို့ပြင် ကံသာကြီးရေဘေးကယ်ဆယ်ရေး၊၀ါတပ်ရေဆေဘးကယ်ဆယ်ရေးစခန်း၊လယ်ကိုင်းရေဘေးကယ်
ဆယ်ရေးစခန်းများသို့ ဆန်အိတ်အလုံး(၂၀)နှင့် ဆီဗူးများလှူဒါန်းလျက်ရှိကြောင်းသိရသည်။



0 comments:
Post a Comment