Tuesday, August 4, 2015





ကံမ သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့်သြဂုတ် ၂ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့်ဧရာဝတီမြစ်ကမ်းတလျှောက်ရှိကျေးရွာများ၌ ရေလွှမ်းမိုး
မှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များ နစ်မြုပ်သည့်အခြေအနေထိဖြစ်ပွားခဲ့ရာ အဆိုပါရေဘေး သင့်ပြည်သူများ နှင့်ကျွဲ၊နွား၊တိရိစ္ဆာန်များ၊ပစ္စည်းများအား ရေလွှမ်းမိုးမှု ကင်းလွတ်ရာနေရာ များသို့သက်ဆိုင်ရာတာဝန်ရှိသူများမှရွှေ့ပြောင်းပေးခဲ့ကြသည်။ ရေဘေးသင့်အိမ်ထောင်စုများသို့
 ရွှေသံလွင်ကုမ္မဏီမိသားစုနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊အခြားစေတနာရှင် အလှူရှင်
များမှ ဆန် ၃၅၅ အိတ်၊သောက်ရေသန့်ဘူး ၁၅၀၀၀၊ခေါက်ဆွဲခြောက်
၂၀၀ ဖာ နှင့် အ၀တ်အစားများ၊ဆေးဝါးပစ္စည်းများအား ၄င်းတို့နေထိုင်ရာ နေရာအသီးသီးသို့ ပေးအပ်လှူဒါန်း
ခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video