Tuesday, August 4, 2015
2:14 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး သြဂုတ် ၃
ပွင်ြ့ဖူမြို့နယ်တွင် ဇူလိုင်(၂၃)ရက်မှစ၍ သြဂုတ်လ(၂)ရက်နေ့ထိ မိုးများအဆက်အပြတ်ရွာသွန်းမှုကြောင့် မန်းရေမြင့်တက်မှုနှင့်ဧရာဝတီမြစ်ရေစီးဆင်းမှု့များကြောင့်မန်းကျိုးကျေးရွာနှင့်နိဗ္ဗာန်ကျွန်းကျေးရွာတွင်
နေထိုင်လျက်ရှိသော နေအိမ်များအတွင်းသို့ဇူလိုင်(၃၁)ရက်ညနေ(၃း၀၀)နာရီအချိန်တွင် ရေများစတင်
ဝင်ရောက် လာကြောင်းသိရသည်။
ထိုသို့ရေများဝင်ရောက်လာခြင်းကြောင့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူး စီစဉ်ကြီးကြပ်မှုဖြင့် တာဝန်ရှိ သူများက ညောင်ဇင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ဘုန်းတော်ကြီးကျောင်း အနီးဝန်းကျင်ရှိ ကုန်းမြင့်နေရာများတွင် ယာယီအဆောက်အဦများ တည်ဆောက် လျက်ရှိပြီး ရေဘေးရှောင်ပြည်သူ (၃၀၀)ကျော်တို့အားပြောင်းရွှေ့လျက်ရှိရာ လူနှင့်တိရိစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းသို့ပျဉ်းမနားမြို့နယ် ထေရ၀ါဒပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုး
ဆောင်လူငယ်များအဖွဲ့မှ ဆန်(၄)အိတ်၊ ရေသန့်(၆)ဘူးပါကတ်(၈၀)၊ ခေါက်ဆွဲခြောက်(၁၅၀)ထုပ်၊ ငပိထောင်းဘူး (၁၅၀)၊ ငါးခြောက်ထုပ်(၁၅၀)နှင့် အ၀တ်အထည်များ ထောက်ပံ့ပေးလျက်ရှိပြီး ဆက်လက်၍ မြန်မာ့သြဘာမှ ဆန်(၅) အိတ်၊ ခေါက်ဆွဲခြောက်(၁၅၀)ထုပ်တို့ကို ကယ်ဆယ်ရေးစခန်းများအရောက် သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment