Monday, August 10, 2015


အောင်လံ သြဂုတ် ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် အဖွဲ့ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးတိုးကြည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်
နှင့်ဆေးဝန်ထမ်းများ မြို့နယ်တိမွေးကုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးးဒေါက်တာမင်းမင်းဦး မြို့နယ်
မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းသိန်းထွန်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ
 ဒေါ်အေးအေးသန့်နှင့် အဖွဲ့ဝင်များတို့သည် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေဘေး
သင့်ခဲ့ကြသောကျေးရွာမျာဖြစ်ကြသည့်ဆယ်လောင်း ၊ မအူခုံ ၊ မြစ်နား၊ တောင်နံ့သာအင်းပေါက် ကျေးရွာ
များသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့မှု
များဆက်လက်၍ ပြုလုပ်ကြသည် ။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်အဆိုပါကျေးရွာများတွင် ဆန် ဆီ ခေါက်ဆွဲခြောက်
 အ၀တ်အထည် သောက်ရေသန့် စားသောက်ဖွယ်ရာများ ရေသန့်ဆေးတို့ကိုလှူဒါန်းပြီး ၊ မြို့နယ်မီးသတ်
ဦးစီးဌာနမှ သောက်ရေသုံးရေများကိုမီးသတ်ကားများဖြင့်ဝေငှခဲ့သည်ထို့နောက်ဒေါက်တာမျိုးလွင်နှင့်
အဖွဲ့မှ ရေတွင်းများကိုဆေးခတ်ခြင်းကျန်းမာရေးဆိုင်ရာများကိုဟောပြောခြင်းတို့ကိုဆောင်ရွက်ပြီး ရေသန့်ဆေး
သုံးနည်းများကို လက်တွေ့ပြသသည် ထို့နောက် ဒေါက်တာမင်းမင်းဦးမှ ကျွဲနွားတိရစ္ဆာန်များ၏ကျန်းမာရေး
စောင့်ရှောက်မှုကိစ္စရပ်များကို ပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video