Monday, August 10, 2015




ကံမ သြဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ခြင်းခံရသော မြို့ပေါ်
ရပ်ကွက်များ နှင့်ဧရာဝတီမြစ်ကမ်းတလျှောက်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအားအနယ်နယ်အရပ်ရပ်မှ
 စေတနာရှင်အလှူရှင်အသီးသီးကလာရောက်လှူဒါန်းလျှက်ရှိရာ သြဂုတ် ၁၀ ရက် နံနက်က MRTV 4
 နွေးထွေးသောကမ်းလက်များအဖွဲ့နှင့်မြို့နယ်မှအလှူရှင်များကငွေကျပ် ၁၈၄ သိန်းတန်ဖိုးရှိဆန်နှင့်
မီးဖိုချောင်သုံးပစ္စည်းများအားလှူဒါန်းခဲ့သည်။ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြိှု့ ကြာဖြူပွင့်
ပရဟိတလူငယ်အသင်းမှလည်းငွေကျပ် ၁၀၅ သိန်းတန်ဖိုးရှိ ဆန်အိတ် ၁၀၀ အိတ်၊ငါးသေတ္တာ ၂၅၀၀
၊ခေါက်ဆွဲခြောက်များ၊ရေသန့်ဘူးများနှင့်အ၀တ်အထည်များအစရှိသည့်လိုအပ်သောအသုံးအဆောင်ပစ္စည်းများ
အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက်ကူညီထောက်ပံ့လှူဒါန်းလျှက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video