Monday, August 10, 2015
2:21 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံသြဂုတ် ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ၀င်ရောက်မှုကြောင့်
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သြဂုတ်လ(၈)ရက်နေ့မှစ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောင်လံမြို့ မြို့မဈေး၊အထက(၂)ကျောင်း တရ်ာကုန်း အမက
ကျောင်းများ အား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ကော်မတီ၏ကြီးကြပ်မှုမြို့နယ်
စည်ပင်သာယာရေးအဖွဲ့မြို့နယ်ရဲတပ်ဖွဲ့မြို့နယ်မီးသတ်တပ်ဖွဲ့အရန်မီးသတ်တပ်ဖွဲ့ဝင် ကျောင်းကော်မတီဝင်
များ ဈေးကော်မတီဝင်များ က မီးသတ်ယာဉ်များဖြင့် ဧရာဝတီမြစ်ရေ ကျဆင်းမှုကြောင့်တင်ကျန်သည့်နှုန်းမြေ
များအား ပြန်လည်ရှင်းလင်းရေး ပြုလုပ်ပေးခြင်း၊ရပ်ကွက်/ကျေးရွာ များသို့ သောက်သုံးရေဖူလုံစွာရရှိရေး
အတွက် မီးသတ်ကား များဖြင့် သောက်သုံး ရေများဖြန့်ဝေခြင်း ရေသန့်ဆေးထုတ်များဖြန့်ဝေခြင်း
ဝမ်းရောဂါ ကင်းစင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး မြို့နယ် အမျိုးုသမီးရေးရာ
အဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရေတွင်း ရေကန် ဆေးခတ်ခြင်း
ရေသန့်ဆေးထုတ်များအား အိမ်ထောင်စုအလိုက်လိုက်လံဖြန့်ဝေခြင်းနှင့်ကျန်းမာရေးအသိပညာပေးဆွေး
နွေးပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်(၈)ရက်ကွက် ကျေးရွာ(၂၄)ရွာရှိ အိမ်ခြေ
(၁၅၀၂)အိမ်မှ လူဦးရေး စုစုပေါင်း (၆၅၁၉)ဦးတို့သည် ကယ်ဆယ်ရေးစခန်းနှင့် ဆွေမျိုးများအိမ်မှ မိမိနေထိုင်ရာ အိမ်များသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment