ရေနံချောင်း သြဂုတ် ၁၀
ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ကယ်ဆယ်ရေးစခန်းများတွင်
ရောက်ရှိ နေသောနွားကောင်ရေ (၆၀၀၀)ကျော်ကိုမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ဆေးကုသပေးလျှက်ရှိကြောင်းသိရသည်။ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့်
ရေနံချောင်းမြို့နယ်ပွင့်ဖြူမြို့နယ်နှင့် စကုမြို့နယ်များမှ နွားကောင်ရေ (၆၀၀၀)ကျော်ကိုရေဘေး
လွတ်ရာသို့ ရွှေ့ပြောင်းသယ်ယူခဲ့ကြသည်။အချို့သောနွားများသည် ရေထဲတွင်နှစ်ရက်ခန့်နေခဲ့ရသဖြင့်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကယ်ဆယ်ရေးစခန်းများရှိ နွားအားလုံးကိုဆေးကုသပေးလျှက်ရှိသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကုသပေးရာတွင် နွားအားလုံးကိုကာကွယ်ဆေးကြိုတင်ထိုးပေးခြင်း၊
ရေထဲတွင်နေရ၍ အအေးမိ၊ အကြောတောင့်သော နွားများနှင့် အချို့နွားများမှာမကျန်းမာ၍ ဆေးကုသပေး
ရသော နွားကောင်ရေမှာ၄၀၄ကောင်ရှိပြီဖြစ်ကြောင်းနှင့် သေဆုံးမှုမရှိကြောင်းဒေါက်တာအောင်မင်းကပြော
ကြားသည်။
Monday, August 10, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment