၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ ညနေ(၆း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် ၃၃/၆ နှင့် ၃၃/၇ အကြား၊ သာယာအေးကျေးရွာအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ နတ်မောက်မြို့နယ်၊ သာယာအေးကျေးရွာနေသူ ချစ်ဝင်း(၄၅)နှစ် မောင်းနှင် သော ၃၀ယ/xxxx ဒါရန်း ၁၁၀ အနက်ရောင် ဆိုင်ကယ်နှင့် နတ်မောက်ဘက်မှ ပျော်ဘွယ် ဘက်သို့ ပျော်ဘွယ်မြို့နယ်၊ အရှေ့သစ်လှကျင်း ကျေးရွာနေသူ ထွန်းအေး (၄၅)နှစ် မောင်းနှင်သည့် ၂၈ယ/xxxx ရင်ဇင်း ၁၁၀ အနက်ရောင် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ၍ ချစ်ဝင်းမှာ ဒဏ်ရာများရရှိသေဆုံးသွားခဲ့ပြီး ထွန်းအေးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ချစ်ဝင်းနှင့် ထွန်းအေးတို့အား နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ) ၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Saturday, August 8, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment