၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းတော်ရာ ကျေးရွာ၊ ရေဘေး ကယ်ဆယ်ရေးစခန်း၌ တာဝန်ဆောင်ရွက်နေစဉ် ပွင့်ဖြူမြို့၊ သရက်တောကျေးရွာ တွင် လူတစ်ဦး ဓါတ်လိုက်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ပွင့်ဖြူမြို့နယ်၊ သရက်တောကျေးရွာနေသူ ကိုမြင့်သူ (၄၂)နှစ် ဖြစ်ပြီး ၄င်းသည် ၄င်း၏နေအိမ်ရှေ့ရှိ လျှပ်စစ်မီတာပုံးမှ ဖြုတ်ထားသည့် လျှပ်စစ်ကေဘယ်ကြိုးအား ပြန်လည် တပ်ဆင်ရာတွင် လျှပ်စစ်ဓါတ်အား ရှိသည့် ကြိုးစအားကိုင်မိ၍ ဓါတ်လိုက်ကာ မြေသို့ လဲကျပြီး ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲလျက် သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရ၍ ကိုမြင့်သူ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့်အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Saturday, August 8, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment