Saturday, August 8, 2015

ပွင့်ဖြူ   သြဂုတ်  
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် မြို့ပေါ်(၄) ရပ်ကွက်နှင့် ကျေးရွာ(၁၁၅)ရွာမှ ရေဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင် က ညောင်ပင်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် အိမ်ထောင်စု(၂၅၄)စု အတွက် ငွေကျပ်(၂၅)သိန်း(၄)သောင်း၊ ရွာသစ်ကျေးရွာ မူလတန်းကြိုကျောင်းတွင် အိမ်ထောင်စု (၂၀၀)အတွက် ကျပ်သိန်း(၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
          ထောက်ပံ့ငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးက ကျေးရွာ လူထုနှင့်တွေ့ဆုံစဉ် ပျက်စီးသွားသောလယ်ဧကများကို တစ်ဧကလျှင် မျိုးစပါး(၁)တင်းစီ ပေးအပ်မည်ဖြစ်၍ပျက်စီးဧကစာရင်းအား ကျေးရွာများမှ မြန်ဆန်မှန်ကန်စွာ
ပေးစေလိုကြောင်း၊စားဝတ်နေရေးအဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
င်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးဆောင်ရွက်မှုများပေးနေသလို ကျေးရွာပြည်သူလူထုကလည်း ၀ိုင်းဝန်းပါဝင်ဆောင်ရွက်မှသာ မူလအနေအထားသို့ အမြန်ရောက်ရှိမည်ဖြစ်ကြောင်းပြောကြားပါသည်။
          ပွင့်ဖြူမြို့နယ် အတွင်းရေဘေးသင့်အိမ်ထောင်စုပေါင်းမှာ မြို့ပေါ်ရပ်ကွက်များတွင် (၁၂၆၉)စုနှင့် ကျေးရွာများတွင် (၂၅၈၀၉)စု အိမ်ထောင်စု စုစုပေါင်းမှာ(၂၇၀၇၈)စုရှိကြောင်းသိရသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video