Saturday, August 8, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ နေလည် (၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ဖောင်းကတောကျေးရွာနေသူ မောင်သော်တာထွန်း (၂၀)နှစ်သည် သူငယ်ချင်းနှင့်အတူ ရွှေကြာငုံ ရပ်ကွက်ရှိ မြတ်စောညီနောင်ဘုရားရှေ့တွင် ၄င်းတို့စီးနင်းလာသော ၄၂ယ/၃၃၅၀၅ ANDBO 125 ခဲပြာကြားရောင် ဆိုင်ကယ်(တန်ဘိုး ၅၀၀၀၀၀ိ/-)အား ဇက်သော့ ခတ် ရပ်ထားခဲ့ပြီး ဘုရားပေါ်တွင် ဆိုင်ကယ်သော့အား ၄င်းတို့အနီး လွယ်အိတ်ပေါ်တင်၍ စာကျက် နေခဲ့ပြီး (၂)နာရီအချိန်ခန့်တွင် ဘုရားပေါ်မှပြန်ဆင်းလာစဉ် ဆိုင်ကယ်သော့မှာ ပျောက်နေပြီး ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မတွေ့ရှိဘဲ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေရာ ရေနံချောင်း မြို့၊ မြို့မမြောက် ရပ်ကွက်၊ မြို့မဈေးကြီးအရှေ့ဘက် ““ဆန်းသီရိ”” အထည်ဆိုင် ဘေးတွင် ပျောက်ဆုံးနေသော ဆိုင်ကယ် အား ဇတ်သော့ခတ်၍ ရပ်ထားသည်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့၍ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ စောင့်ကြည့်နေစဉ် ည (၈)နာရီ အချိန်ခန့်တွင် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်နေသူ စိုင်းမျိုးဦး (၁၆)နှစ်သည် ဆိုင်ကယ်အား ခွပြီး သော့ဖွင့်နေသည်ကို တွေ့ရှိရ၍ ရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ဖမ်းဆီးပြီး ဆိုင်ကယ်ခိုးယူသူ စိုင်းမျိုးထွန်း အား အရေးယူပေးရန် ၇.၈.၂၀၁၅ ရက်နေ့ တွင် မောင်သော်တာထွန်း မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video