Wednesday, August 5, 2015



သရက် သြဂုတ် ၎
မကွေးတိုင်းဒေသကြီး သရက်မြို့၌ဧရာဝတီ မြစ်ရေ မြင့်တက်လာမှု့ကြောင့် ရေဘေးသင့်
 ပြည်သူများအတွက် သရက်မြို့ကုန်သည်ကြိးများက အလှူငွေ ပေးအပ်ခြင်းကို ယနေ့ နေ့လည်(၁) နာရီက ရေဘေး သင့်ပြည်သူများ နေထိုင်သည့် စမုတ် ဘုန်းတော်ကြီး
ကျောင်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရေဘေးသင့် ပြည်သူများအတွက် သရက်မြို့အလှူရှင် ကုန်သည်ကြီးများမှ လှူဒါန်း သည့် အလှူငွေ (၂၁)သိန်း(၅)သောင်း(၁)ထောင်အား ဦးတင်အောင်မြင့်မှ လှူဒါန်းပေးရာ သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဥိးတေဇာအောင်ကလက်ခံ ပေးခဲ့သည်။
ထို့နောက်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ နှင့် အဖွဲ့ဝင်များက ခြင်ထောင်အကြီး(၁၀)လုံး ပေးအပ်ရာ ရေဘေးသင့်ပြည်သူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ယင်းနောက် သရက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှု့ဆောင်အရာရှိ ဦးသိန်းနိုင်ကြီးကြပ်ဆောင်ရွက်မှု့ဖြင့်ဝန်ထမ်းများမှ ရေဘေးသင့် ပြည်သူများ နေထိုင်သည့် နေရာများသို့
 သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေးအနေဖြင့် ခြင်ဆေးများ လိုက်လန် ဖျန်းပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video