မကွေးတိုင်းဒေသကြီး သရက်မြို့၌ ရေဘေးသင့် ပြည်သူမျာအတွက် စားသောက်ကုန်နှင့် အ၀တ်အထည် များနှင့် ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀း၃၀)နာရီက အမှတ်(၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီး ဌေးမြင့်နှင့် ဇနီး ဒေါ်ခင်နှင်းယုနှင့် အရာရှိ၊အရာခံ အကြပ်စစ်သည်များမိသားစုက ရေပေါ်ကျွန်း ကျေးရွာ ရေဘေးသင့် ပြည်သူအိမ်ထောင်စု(၈၆)စု၊
လူဦးရေ(၃၅၁)ဦး အား စမုတ်ဘုန်းတော်ကြီးကျောင်း အတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီး ဌေးမြင့် ဇနီးဒေါ်ခင်နှင်းယုနှင့် အရာရှိ/အရာခံ၊ အကြပ်စစ်သည်များမှဆန်(၂၈)အိတ်၊ဆီ(၇)ပိဿာ၊ကုလာပဲ(၈)အိတ်၊နို့ဆီ(၅၀)ဘူး၊နို့မှုန့်(၃၀၀)ထုတ်၊
ကလေး နို့မှုန့်(၁)ဖာ၊ခေါက်ဆွဲခြောက်(၁၂၀)ထုတ် ငွေကျပ်(၅)သိန်း(၂)သောင်း(၅)ထောင်နှင့် လူကြီး/ကလေး ကျားမ အ၀တ်အထည်နှင့်ခြင်ထောင်၊စောင်၊တဘတ်အပါအ၀င်(၂၃၄၆)မျိုးအား
ပေးအပ်ရာ ရေဘေးသင့် ပြည်သူများမှလက်ခံရယူကြသည်။(ပုံ)ထို့နောက် ဆေးမှူးဗိုလ်ကြီး
အောင်ဇော်ထွန်းဦးနှင့် ကျန်းမာရေးအဖွဲ့မှရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြိး ထမင်းနှင့် ဟင်း အထုတ်(၃၀၀)အား ဝေငှပေးခဲ့ကြောင်း သိရသည်။




0 comments:
Post a Comment