Wednesday, August 5, 2015
4:02 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သြဂုတ် ၎
ဆင်ပေါင်ဝဲမြို့နယ်တွင် ယနေ့နံနက် (၁၀)မှ (၁၁: ၅၀) နာရီအထိမြို့နယ်အုပ်ချုပ် ရေး မှူးနှင့်
ဌာနဆိုင်ရာများ| မြို့နယ်ကော်မတီ (၃) ရပ် ကော်မတီဝင်များ| မြို့နယ်စိုက်
တိုးမြှင့် အဖွဲ့ဝင်များ| မြို့နယ် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ကော်မတီ ဝင်များ| မြို့နယ်ထွေ /အုပ်ဝန်ထမ်းများ| မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ| မြို့နယ်ရဲတပ်ဖွဲ့ဝင်များ|
မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ| ပါဝင်သော အဖွဲ့သည် ကျွန်း ကျေး ရွာသို့ သွားရောက်ပြီး
ကျေးရွာအတွင်း မြစ်ရေဝင်ရောက်မ|ူကျေးရွာနေပြည်သူများ နေထိုင်စားသောက်မူနှင့် သီးနှံ ထိခိုက် ပျက်ဆီးမူအခြေအနေများကိုကြည့်ရှု့ခြင်း|ကျေးရွာနေ ပြည်သူများအား သန့်ရှင်းသော
သောက်သုံးရေ အသုံးပြုနိုင်ရန်အတွက် ရေသန့်ဘူးကြီး (၁၇ )ဘူးအား လိုအပ်သည် အချိန်တွင် အသုံးပြုနိုင်ရန် ပေးအပ် လှူဒါန်း ခြင်း တို့ဆောင်ရွက်ကြပြီး| မိုးလေဝ သ သတင်း များကို အချိန်နှင့် တစ်ပြေးညီ အများပြည်သူ များ သိရှိနိုင် ရန် လည်း ရေဒီယို (၁) လုံးကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ က ကျေးရွာခွဲတာဝန်ခံ ဆယ်အိမ်မှူးထံ လှူဒါန်း ပေးခြင်းတို့ ဆောင် ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် နေ့လည် (၁၂ :၁၅) အချိန်မှ (၁၄ :၂၀) အချိန် ထိ အင်းလတ်ကျေး ရွာသို့ သွား ရောက်ပြီး သီးနှံထိခိုက်ပျက်စီးမူ အခြေအနေများအား ကြည့်ရှု့ခြင်း |ကျွန်း ကျေးရွာ မှ ရေလွတ်ရာ သို့ ပြောင်းရွှေ့နေ ထိုင်သည့် အိမ်ထောင်စု( ၂၄) စု၏ နေထိုင်စားသောက်မူနှင့် ကျန်းမာ
ရေးစောင့်ရှောက်မူ အခြေအနေများအား ကြည့်ရှုခဲ့ပြီး |ခေါက် ဆွဲခြောက် (၂၄)ဖာ |ရေ သန့်ဘူးကြီး(၂)ဘူး| အိမ်ထောင်စု (၁)စု လျှင် ဆန် (၂) ပြည် နှင့်မိုးလေဝသ သတင်းများကို အချိန်နှင့် တစ်ပြေးညီ အများပြည်သူများ သိ ရှိနိုင်ရန့်  ရေဒီယို (၁ )လုံးကို မြို့နယ် အုပ်ချုပ် ရေးမှူးမှ ကျေးရွာခွဲ တာဝန်ခံထံ ပေးအပ် လှူဒါန်းခဲ့ပါ သည်။
အဆိုပါ အဖွဲ့သည် (၁၅ :၂၀)မှ (၁၆: ၃၀ )အချိန်ထိကြာအင်းကျေးရွာသို့ ဆက်လက်သွားရောက်ပြီး သီးနှံထိခိုက်ပျက်စီးမူအခြေအနေနှင့်ကျေးရွာအတွင်း သို့ ရေဝင်ရောက်မူ အခြေအနေအား ကြည်ရူ့ပြီး ရေဝင် နစ်မြုပ်နေသည် အိမ်ထောင်စု(၄၀ ) အား ဆန်(၄)အိတ် |ကု လားပဲ (၁)အိတ် ပေးအပ်လှူဒါန်းကြပြီ့း  မိုးလေဝသ သတင်း များ ကို လည်း အချိန်နှင့်တစ် ပြေးညီ အများ ပြည်သူများ သိရှိနိုင်ရန် ရေ ဒီ ယို (၁) လုံးကို မြို့နယ်ပြန်ကြားရေး နှင့် ပြည် သူ့ဆက်ဆံ ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူးက ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးကိုယ်စား စာရေး ဒေါ်ထွေးစိန် ထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ပြီး သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိ ပညာပေးလက် ကမ်း စာစောင်များ ကိုလည်း ကျေးရွာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment