Friday, August 7, 2015





မကွေး သြဂုတ် ၇
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)က မကွေးတိုင်းဒေသကြီးအတွင်း
 ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ်သိန်းတစ်ရာနှင့် ထောက်ပံပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းအခမ်း အနားတွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက ဒေါ်ထွေးထွေးညွှန့် က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ရေဘေးသင့်ပြည်သူ များအတွက် လှူဒါန်းသည့် အလှူငွေနှင့် လှူဒါန်းပစ္စည်းများကို မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး
 စောင့်ရှောက်ရေးအသင်း နာယက ဒေါ်စမ်းစမ်းမြင့်က လက်ခံရယူပါသည်။ ယင်းနောက် မကွေး တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါက်တာဒေါ်ခင်သီသီထွန်းက
ရေဘေးသင့်ပြည်သူများ အတွက် လက်ရှိဆောင်ရွက်မှု အခြေအနေမှာ ကျန်းမာရေးအသိပညာ
 ပေးစောင့်ရှောက်မှုများ ပြုလုပ် ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်များပါသဖြင့် အရေးပေါ်မီးဖွားနိုင်ရေး အတွက်လည်းဆောင်ရွက်ထားရှိပါ ကြောင်းနှင့် ယခုလို လှူဒါန်းသည့်အတွက် ရေဘေး သင့်ပြည်သူများ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး ပွင့်ဖြူမြို့နယ် မန်းကျိုးကျေးရွာရှိ ညောင်ဇင်ဘုန်းတော် ကြီးကျောင်း တွင် ဖွင့်လှစ်ထား သည့် ရေဘေးသင့်ပြည်သူများအတွက်ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကာ ရေဘေးသင့် ပြည်သူများအား အားပေးစကားပြော ကြားပြီး အ၀တ်အစားနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို ပေးဝေပါသည်။ အဆိုပါ ညောင်ဇင်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ကိုယ်ဝန်ဆောင်မိခင် (၈)ဦး ရှိနေပါသဖြင့် ကိုယ်ဝန် ဆောင်မိခင်များအတွက် အရေးပေါ်မီးဖွားစဉ်သုံးစွဲရမည့် ပစ္စည်းများကိုလည်း
 ပေးအပ်ခဲ့ပါသည်။
ကိုယ်ဝန်(၉)လရှိသည့် နိဗန်ကျွန်းကျေးရွာမှ ကိုယ်ဝန်ဆောင် မိခင်ဖြစ်သည့် မနွယ်နွယ်ဦးက ``ကျွန်မ ကိုယ်ဝန်က (၉)လရှိပြီဆိုတော့မွေးဖွားဖို့အတွက် စိုးရိမ်နေတာပါ၊ ကိုယ့်အိမ်လည်းမပြန်နိုင်ဘူး၊ ဆေးရုံ လည်းမသွားနိုင်ဘူးဆိုတော့အခက်တွေ့နေတာ၊အလှူရှင်(၂)ဖွဲ့(၃)ဖွဲ့လောက်တော့ လာပါတယ် စားစရာ တွေ ထောက်ပံ့ပါတယ် အခုမှ ကျွန်မတို့ကိုယ်ဝန်ဆောင်တွေအတွက် အလေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှု အပြင် အရေးပေါ်သုံးပစ္စည်းတွေပါထည့်ပေးထားပြီး လှူဒါန်းလို့ အရမ်းကိုကျေးဇူး တင်ပါတယ်`` ဟုပြောကြားပါသည်။ညောင်ဇင်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွင် ရေဘေးသင့်ပြည်သူ (၂၈၇)ဦးရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအသင်း နှင့် အခြား အလှူရှင်များက လည်းထောက်ပံ့လှူဒါန်းပေးလျက်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video