Friday, August 7, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ရေနစ်သေဆုံးသည့် လူနာရောက်ရှိနေကြောင်း သတင်းအရ ပခုက္ကူမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 သေဆုံးသူမှာ ပခုက္ကူမြို့နယ်၊ ဆယ်ရွာကျေးရွာနေ မနန်းနန်းဝေ(၈)နှစ်ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးကိုဝင်း နှင့် အတူ ဆယ်ရွာကျေးရွာတောင်ဘက် နတ်ကွန်းအနီး ဧရာဝတီမြစ်ရေ တက်နေသည့် ရေအနက် (၄)ပေ ခန့်နေရာသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားသဖြင့် မနန်းနန်းဝေ သေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း သေ ဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၁၈/၂ဝ၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video