Friday, August 7, 2015
5:28 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သြဂုတ် မင်းဘူး ၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် တာဝန် ရှိသူများသည် (၆.၈.၂၀၁၅) ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီ အချိန်က ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံစဉ် ပွင့်ဖြူမြို့သည် ယခင်ရက်များက ရေကြီးရေလျှံဖြစ်ခဲ့ပြီး ယခုအခါ ရေများကျသွားကာ လမ်းပမ်းဆက်သွယ်ရေး ပုံမှန်အနေအထားရောက်ရှိလာပြီ ဖြစ်၍ ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းများနှင့် မဖွင့်လှစ်နိုင်သေးသည့် စာသင်ကျောင်း များအမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက် သွားရန်မှာကြားခဲ့သည်။
ထို့အပြင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်(၄)ခုနှင့် စံပြကျေးရွာ၊ ကံသာကြီးကျေးရွာ၊ လယ်ကိုင်းကျေးရွာတို့အား ယနေ့ညနေ (၆)နာရီ လျှပ်စစ်မီးပြန်လည်ရရှိရေးနှင့် ကျန်ကျေးရွာများအားလုံးကိုလည်း လျှပ်စစ်မီး အမြန်ဆုံးရရှိရေးဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများအား ဗလာစာအုပ်ထောက်ပံ့ရေးနှင့် ၀န်ထမ်းများအား ထောက်ပံ့ရေး ကိစ္စများနှင့်စပ်လျဉ်း၍လည်း ယင်းတွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment