Saturday, August 8, 2015
12:44 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သြဂုတ် ၇
ဆင်ပေါင်ဝဲမြို့ တွင် အရန်သားဖွား သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်၌ ကျင်း ပရာ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့်ဌာန ဆိုင်ရာ များ| မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌ ဒေါ်လှလှစိန်နှင့် အဖွဲ့ဝင်များ |လူမူရေး အသင်းအဖွဲ့များ |နှင့်သင်တန်း သူများ| တက်ရောက်ကြသည်။အခမ်းအနားတွင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးတင့်လွင်ကအ ဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းဗိုလ်က ဆက်လက် အမှာ စကားပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရသူများနှင့်သင်တန်းသူများအားAMW Kit များ ပေးအပ်ခြင်း
တို့ကို တာဝန်ရှိ သူတို့ က ပေးအပ်ချီးမြှင့် ကြပြီး သင်တန်းကာလမှာ ( ၂- ၂-၂၀၁၅) ရက်နေ့မှ
( ၇-၈-၂၀၁၅) ရက်နေ့ အထိ |စာတွေ့ လက်တွေ့သင်ကြား ခဲ့ကြပြီး ကျေးရွာ ( ၂၂ )ရွာမှ သင်တန်းသူ
( ၂၂ )ဦး တက်ရောက်ခဲ့ ကြသည့်အတွက် ကျေးရွာရှိ ပြည်သူများ၏ ကျန်းမာရေး ပိုမို ကူညီ ကာကွယ်စောင့်ရှောက် နိုင်မည် ဖြစ်ကြောင်း သ တင်း ရရှိပါသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment