Saturday, August 8, 2015




ချောက် သြဂုတ် ၇ ရက်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရပ်ကွက် (၇) ရပ်ကွက်တို့တွင် ရေဝင် နစ်မြှပ်လျှက်ရှိရာ ယင်းရပ်ကွက်များရှိ ဓမ္မာရုံ၊ဘောလုံးကွင်း၊ရေနံရိပ်သာနှင့် နီးစပ်ရာနေရာ များသို့ မြို့နယ် တပ်ရင်းဌာနမှ တပ်မတော်သားများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်
 ဌာနဆိုင်ရာများ၊ ရဲတပ်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ အသီးသီးပြောင်းရွှေ့မှုများဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။
ထိုရေဝင်နစ်မြှပ်၍ ပြောင်းရွှေ့သောရပ်ကွက်များမှ အိမ်ထောင်စု (၃၅၅) စု မှ လူဦးရေ (၁၈၇၂) ဦးတို့အား သြဂုတ်လ ၆ ရက်က စေတနာရှင်ပြည်သူ များ၊ ဌာနဆိုင်ရာများမှ လှူဒါန်းမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာများက
 ရေဘေးရှောင်ပြည်သူများရွှေ့ပြောင်း နေထိုင်သည့် နေရာအသီးသီးသို့ ခေါက်ဆွဲခြောက်ထုပ် (၁၈၇၂ ) ထုပ်၊ ရေသန့်ဘူး တစ်လီ တာဘူး (၁၈၇၂ )ဘူး၊ ဘီစကစ်မုန့်ထုပ် (၁၈၇၂) ထုပ် စုစုပေါင်းပစ္စည်း တန်ဖိုး ငွေကျပ် (၈၂၂၆၀၀)တန်ဖိုးရှိပစ္စည်းများကို ရေဘးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါပစ္စည်းများကို ကူညီထောက်ပံ့လှူဒါန်းခဲ့ကြသဖြင့် ရေဘေး သင့်ပြည်သူများက ဝမ်းမြောက်လျှက်ရှိကြောင်း၊ စေတနာရှင်ပြည်သူ များ၊ဌာနဆိုင်ရာများမှ လှူဒါန်းလာသည့်
 ထောက်ပံ့ပစ္စည်းများကိုလည်း ဆက်လက်၍ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်သာ မက ရေဝင်သည့်ကျေးရွာများကိုပါ အဖွဲ့ခွဲပြီး စနစ်တကျပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း၊
 ရေဘေးသင့် ပြည်သူများ၏ စားရေးသောက်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့ကိုလဲ ဌာနဆိုင်ရာများ၊ မြို့နယ်တပ်ရင်းဌာနမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်း၍ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း
 တာဝန်ရှိသူပြောကြားချက်အရ သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video