Saturday, August 8, 2015




မင်းဘူး သြဂုတ် ၇

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာတွင် ရေကြီးဝင်ရောက်မှုကြောင့် အခြေခံပညာမူလတန်း ကျောင်းများ ပျက်စီးဆုံးရှုံးသွားခဲ့ရာ သြဂုတ်လ(၆)ရက်နေ့က ရွှေတောင်ကုမဏီမှ စာသင်ခုံအစုံ(၃၀) အတွက် တစ်စုံလျှင်(၅၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၁၅)သိန်းကို ရွှေတောင်ကုမဏီ ဒါရိုက်တာ ဦးဟန်သိန်းလွင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းစိုးနှင့်ကျောင်းအုပ်ဆရာကြီး ဦးထွန်းတို့ထံသို့ ငွေသားလာရောက်လှူဒါန်းခဲ့ သည်။
ထို့အပြင်မုန်းရေလှောင်တမံ ရှင်းလင်းဆောင်တွင် ဖွင့်လှစ်ထားသောရေဘေးကယ်ဆယ်ရေးစခန်းရှိ
 ခြင်ပြစ်ကိုင်းကျေးရွာမှကိုယ်ဝန် ဆောင်အမျိုးသမီး(၇)ဦးအား မီးဖွားစရိတ်တစ်ဦးလျှင် ငွေကျပ်(၅၀၀၀၀)
စီနှင့်မီးဖွားပြီး၍ ဆေးရုံမှဆင်းလာသောအမျိုးသမီးတစ်ဦးအား ငွေကျပ်(၅၀၀၀၀)နှင့်အ၀တ်အထည်
များပေးအပ် လှူဒါန်း ခဲ့ကြောင်းသိရှိရသည်။
အဆိုပါခြင်ပြစ်ကိုင်းကျေးရွာမှ ရေဘေးသင့်ပြည်သူများသည် ရွာအတွင်း သို့ပြန်လည်သွားရောက်နိုင်ခြင်း မရှိ သေးဘဲရက်အတော်ကြာကြာ ကယ်ဆယ်ရေးစခန်းတွင်နေရအုံးမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြော
ကြားသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video