Wednesday, July 1, 2015
2:59 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
စလင်း ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ် ဆင်းကျုံးကျေးရွာနှင့် ထူးပေါက်ကျေးရွာတို့တွင် ဇွန်လ(၃၀)ရက်
နေ့က တိုင်းဒေသကြီးသ/မဦးစီးဌာနနှင့် တိုင်းဒေသကြီးအသင်းစုချုပ်တို့မှဦးဆောင်မှုဖြင့် ကိုရီးယား သမ္မတ နိုင်ငံမှ Mr. Kang Ki Tae သည် ကိုရီးယားသမ္မတနိုင်ငံ၊ Daedong Industrial Co,Ltd မှ ထုတ်လုပ်သော လယ်ယာသုံးထွန်းစက်နှင့် စက်ကရိယာပစ္စည်းများကြောင်းရှင်း လင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျေးရွာရှိ သမ၀ါယမအသင်းသားတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လယ်ယာစိုက်ပျိုးမှုအတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးကာ လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းလုပ်ကိုင်ဆောင်ရွက်နေပုံများ၊စက်ကရိယာများကို အသုံးပြု၍ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားလာမှုတို့ကို အကြံပြု အားပေး ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့
ကျေးရွာအတွင်းရှိ သမ၀ါယမ အသင်းသားတောင်သူများနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment