Wednesday, July 1, 2015


မင်းဘူး          ဇွန်      ၃၀
    မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့နယ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်တာဝန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး မှ လယ်ယာကဏ္ဍဆိုင်ရာ၊ သားငါးကဏ္ဍဆိုင်ရာ၊ သစ်တောကဏ္ဍဆိုင်ရာ၊သစ်တောကဏ္ဍနှင့်စက်မှုလက်မှုကဏ္ဍ ဆိုင်ရာ၊စွမ်းအင်ကဏ္ဍဆိုင်ရာ၊ လျှပ်စစ်ဓါတ်အား ကဏ္ဍဆိုင်ရာ၊ ဆောက်လုပ်မှုကဏ္ဍဆိုင်ရာ၊ပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ၊ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ၊ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာလူမှုရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပါသည်။
    ထို့နောက် မင်းဘူးမြို့နယ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ မြို့နယ်စီမံကိန်းဦးစီးမှူးမှ ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ မင်းဘူးမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊စီမံကိန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video