Wednesday, July 1, 2015
3:01 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇွန် ၃၀
၂၀၁၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇွန် ၃၀ ရက်နံနက်က ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ မူလတန်း(လွန်)ကျောင်းအနီး ပတ်ဝန်းကျင်နေရာများ၌ပြုလုပ် သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်နီလာမြင့်ထံ ပျိုးပင်များလွှဲပြောင်းပေးအပ်သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီလာမြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ် မိုးမိုးလှိုင်တို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ကျေးရွာနေပြည်သူများတို့က ကျွန်း ၉၀၀ ပင်၊ ယူကလစ် ၁၀၀ ပင်၊ စိန်ပန်းကြီး ၇၅၀ ပင်တို့ကို စုပေါင်း စိုက်ပျိုးကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment