Wednesday, July 1, 2015

ရေနံချောင်း    ဇွန်    ၃၀

    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့တွင် ဇွန်လ ၃၀ရက်နံနက်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဒုတိယနှစ်ဝက်၏ ဘာသာရပ်အလိုက် ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲကိုကျင်းပရာ
 ကျောင်းအုပ်ကြီးဒေါက်တာ မောင်မောင်နိုင်နှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
    ပြိုင်ပွဲတွင် ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ယခင်နှစ်က ဗိုလ်စွဲခဲ့သော သင်္ချာအသင်းက ဒိုင်းဆုကို ကျောင်းအုပ်ကြီးထံသို့
 ပြန်လည်အပ်နှံကာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်
ရွတ်ဆိုကြ သည်။
    အဆိုပါပြိုင်ပွဲတွင် ရေနံချောင်းဒီကရီကောလိပ်မှ သင်္ချာအသင်း၊ရူပဗေဒအသင်း၊ဓါတုဗေဓအသင်း၊ သတ္တ+ရုက္ခအသင်းနှင့် ၀ိဇ္ဇာညွန့်ပေါင်းအသင်းတို့ဖြင့် စုစုပေါင်း အသင်း(၅)သင်းပါဝင်
ယှဉ်ပြိုင်ကြကြောင်း နှင့်ဖွင့်ပွဲအပြီးတွင် သင်္ချာအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒအသင်းက အနိုင်ရရှိသွားကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video