Monday, July 20, 2015


 ဇူလိုင် ၂၀
     China EXIM  Bank ချေးငွေ ဒေါ်လာ သန်း (၃၀၀)မှ စိုက်ပျိုးရေး မွေးမြူရေး အ ဆင့်မြှင့်တင်ရေး သမဝါယမ အသင်းများသို့ပံ့ပိုးချေးငွေ များ ပေးအပ်ပွဲ အခမ်း အနား ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် သမ ဝါ ယမ အသင်းစုလီမိတက် အစည်း အဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများ| မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ| မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှ|ိ မြို့နယ်သ မ ဝါ ယမ အသင်းစု ဥက္ကဌ နှင့်  ကျေးရွာ အ ခြေခံ သမဝါယမ
အသင်းများ တက် ရောက် ကြသည်။
     အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအ ထောက်အကူပြု
 ကော်မတီဥက္ကဌ ဦး သန်း စိုး တို့က အဖွင့်အမှာစကား ပြောကြားကြ သည်။
      ဆက်လက်၍ သမဝါယမ အသင်း သား များသို့ ပံ့ပိုးချေးငွေများကို တာဝန်ရှိသူ အသီး သီးက ပေးအပ်ချီးမြှင့်ကြပြီး အောင်နေထွန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း လီမိတက် ဥက္ကဌ ဦးမြင့်ကြိုင်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
         စိုက်ပျိုးရေးအသင်းသစ် (၃၇ )သင်း| အသင်းသား( ၂၇၄၁ )ဦးအတွက် ပံ့ပိုးချေးငွေ (၂၆၀၃ .၉၅ ) သိန်း| စိုက်ပျိုးရေး အသင်း ဟောင်း ( ၁၁)သင်း |အသင်းသား (၉၁၁) ဦး အတွက် ပံ့ပိုးချေးငွေ (၈၆၅. ၄၅)သိန်း| မွေး မြူရေး အသင်း (၁၄)သင်း |အသင်းသား (၈၇၂)ဦး အတွက် ပံ့ပိုးချေးငွေ (၈၂၈. ၄၀ ) သိန်း| ကျပ်တစ်သိန်းမှ ငါးသိန်း တိုး မြှင့်ပေး မည့် အသင်း (၁၈ )သင်း|  အသင်းသား (၁၈၄၅ )ဦးအတွက် ပံ့ပိုးချေးငွေ (၂၈၁၈ .၈၀) သိန်း ပံ့ပိုးချေး ပေးမည်ဖြစ်ပြီး (၆)ကြာ သုံး စွဲခွင့် နှင့် အတိုး နှုန်း
 (၁ကျပ် ၁၅ပြား)နှုန်း ဖြစ်သည့်အတွက် အသင်းသား ကျေးရွာ ပြည်သူများ ကျေနပ်ပျော်ရွှင်ကြကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video