သရက် ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့`၌ ချမ်းမြေ့ငြိမ်းအေး ဓမ္မစာကြည့်တိုက် (၂)နှစ်ပြည့် အထိမ်းအမှတ် ၊ချမ်းမြေ့ငြိမးအေး ဓမ္မအုတ်မြစ် လှူဒါန်းပွဲနှင့် ဓမ္မစာပေသင်တန်း (၂၀၁၄)ခုနှစ် စာအောင် ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီက ချမ်းမြေ့ ငြိမ်းအေး စာကြည့်တိုက်အတွင်း ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နမောတဿ ဘုရားရှစ်ခိုး (၃)ကြိမ် ရွတ်ဖတ်ပူဇော် ၍ အခမ်းအနားဖွင့်လှစ် ပြီး သံဃာတော်အရှင်မြတ်တို့အား သြကာသ ကန်တော့ချိုး ဖြင့် ရှစ်ခိုးကန်တော့၍ (၅)ပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဓမ္မအုတ်မြစ်အလှူငွေများအား အလှူရှင်များမှ ကျောင်းတိုက်(၈)တိုက် ဆရာတော်များအားတစ်ကျောင်းလျှင် အလှူငွေကျပ်(၅)သောင်းနှင့် န၀ကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပေးခဲ့သည်။ ဆက်လက်၍ အဘိဓမ္မာ ဋီကာကျော် ၊၀ိသုဒ္ဒီမဂ် အောင်မြင်ကြသူများ အား ရေဦးကျောင်းဆရာတော် နှင့် ရွှေဘုံသာ ကျောင်းတိုက် ဆရာတော်မှ ဆုများ အသီးသီး ချီးမျှင့် ပေးခဲ့သည်။
ယင်းနောက် ဓမ္မစာကြည့်တိုက် ဖွင့်သည့်နေများတွင် တာဝန်ယူ ဆောင်ရွက်ကြသည့်
စေတနာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ချမ်းမြေ့ငြိမ်းအေး သာသနာပြု လုပ်ငန်းများအတွက် သြ၀ါဒခံယူပြီး ဓမ္မစာကြည့်တိုက် (၂)နှစ်ပြည့် ကုသိုလ်ပြုပွဲနှင့် တစ်နှစ်တာ ကာလအတွင်း စေတနာရှင်ကုသိုလ်ရှင် အသီးသီး၏ လှူဒါန်းမှု့များအတွက် အနုမောဒနာ တရားနာယူပြီး အမျှပေးဝေ၍သွင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment