ငဖဲ ဇူလိုင် ၂၀
ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီက (၆၈)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအားရည်စူ၍ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူဒါနပြု အမျှပေးဝေခြင်းများကိုငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ကုန်းမြင့်ရတနာတိုက်ကျောင်း၌ ဆောင်ရွက်ခဲ့ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ ၀င်များနှင့် စည်ပင်ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်မြို့မိမြို့ဖများက သံဃာတော်အရှင်သူမြတ်တို့ထံမှငါးပါးသီလခံယူဆောက်တည်ခြင်း၊ပရိတ်တရားနာကြားခြင်းများ
ဆောင်ရွက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဘွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အာဇာနည် ပုဂ္ဂိုလ်များအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment