Monday, July 20, 2015

ဆင်ပေါင်ဝဲ ဇူလိုင် ၂၀
    မကွေးတိုင်းဒေသကြိး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့တွင် China Exim Bank ချေးငွေ ဒေါ်လာသန်း  (၃၀၀)မှ စိုက်ပျိုးရေးမွေးမြူရေး အဆင့်မြှင့်တင်ရေး သမ၀ါယမအသင်းများသို့ ပံ့ပိုးချေးငွေများ ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၀)နာရီက မြို့နယ် သမ၀ါယမအသင်းစု လီမီတက် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် သမ၀ါယမအသင်းစု လီမီတက် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ကျေးရွာ အခြေခံ သမ၀ါယမ အသင်းဝင်များ တက်ရောက်ကြသည်။
    အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးသန်းစိုးတို့မှ အမှာစကားများ ပြောကြားပေးခဲ့ပြီး သမ၀ါယမ အသင်းသားများအားပံ့ပိုးချေးငွေများကိုတာဝန်ရှိသူအသီးသီးမှ ပေးအပ်ခဲ့သည်။ထို့နောက် အောင်နေထွန်း စိုက်ပျိုးထုတ်လုပ်ရေး သမ၀ါယမအသင်းလီမီတက်ဥက္ကဌဦးမြင့်ကြိုင်က ကျေးဇူးတင်စကားပြန် လည်ပြောကြား    ပေးခဲ့ပြီး မြို့နယ်သမ၀ါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်က China Exim Bank ချေးငွေသန်း(၃၀၀)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
    ယင်းနောက် မြို့နယ် သမ၀ါယမ အသင်းဥက္ကဌ ဦးသန်းထွန်းက China Exim  Bank ချေးငွေ သန်း(၃၀၀)နှင့် ပတ်သက်၍ ဆောင်ရွက်ရန် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြိး အသင်းသားများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူ အသီးသီးမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ ချေးငွေများကို စိုက်ပျိုးရေးအသင်းသစ်(၃၇)သင်းအသင်းသား(၂၇၄၁)ဦး ချေးငွေ(၂၆၀၃.၉၅)သိန်း၊စိုက်ပျိုးရေးအသင်း
   ဟောင်း (၁၁)သင်း အသင်းသား(၉၁၁)ဦး ချေးငွေ(၈၆၅.၄၅)သိန်း၊မွေးမြူရေးအသင်း(၁၄)သင်း အသင်းသား  (၈၇၂)ဦးအတွက် ချေးငွေ(၈၂၈.၄၀)သိန်းနှင့် ကျပ်(၁)သိန်းမှ (၅)သိန်း တိုးမြှင့်ပေးမည့် အသင်း(၁၈)သင်း အသင်းသား (၁၈၄၅)ဦးအတွက် ချေးငွေ(၂၈၁၈.၈၀)သိန်း ချေးပေးခဲ့ပြီး ၄င်းငွေများကို (၆)လအထိသုံးစွဲခွင့်ရရှိပြီး အတိုးနှုန်းမှာ (၁ကျပ်၁၅ပြား) အတိုးနှုန်းသာဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video