Monday, July 20, 2015
4:47 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇူလိုင် ၂၀
အမှုထမ်းများအဆင့်မြင့်သမ၀ါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး သမ၀ါယမသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန၊ဒုတိယညွှန်ာကားရေးမှုး ဦးအောင်နိုင်မအဖွင့်အမှာစကားပြောကြားပြီး သမ၀ါယမဦးစီးဌာနအဆင့်ဆင့်ရှိဝန်ထမ်းများ၊ သမ၀ါယမအသင်းအဆင့်ဆင့်ရှိပုဂ္ဂိုလ်များ၊သမ၀ါယမသင်တန်းကျောင်းမှကျောင်းအုပ်နှင့်ဆရာမများ
တက်ရောက်ခဲ့ကြသည်။
အမှုထမ်းများ အဆင့်မြင့်သင်တန်းတွင် စဉ်းစားတွေးခေါ်မှုပြောင်းလည်းခြင်း ဘာသာရပ် ၊စာရင်းရေး စာရင်းကိုင်ဘာသာရပ် ၊သမ၀ါယမစာရင်းကိုင်ဘာသာရပ်၊ သမ၀ါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဘာသာ ရပ်နှင့်(Micro Captial Loan) လုပ်ငန်းများ ဆောင်ရွက်ပုံ ဘာသာရပ်၊ အခြေခံ သမ၀ါယမ သင်းများတွင် ထားရှိရမည့်စာရင်း(၈)မျိုးရေးသွင်းနည်း ဘာသာရပ်၊ စာရင်းစစ်ဆေးခြင်းဘာသာရပ်၊ သမ၀ါယမ ကျင့်ဝတ် သဘောတရားနှင့် သမ၀ါယမဥပဒေ၊ နည်းဥပဒေနှင့် လုပ်ဆောင်ချက်များ ဘာသာရပ်၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အောင်မြင်နေသော သမ၀ါယမအသင်းများ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ ဘာသာရပ်တို့ကို မကွေးတိုင်းဒေသကြီး သမ၀ါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ များ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြအရာရှိများက သင်ကြားပို့ချမည်ဖြစ်ပါသည်။
အဆိုပါ အမှုထမ်းများအဆင့်မြင့်သမ၀ါယမသင်တန်းကို ၂၀.၇.၂၀၁၅ရက်နေ့မှ ၂.၈.၂၀၁၅ရက်နေ့ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ချင်းပြည်နယ် တို့မှ သင်တန်းသား/သူ(၄၀)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment