၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည် (၁၂း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိသူအမျိုးသမီး တစ်ဦး ရောက် ရှိနေကြောင်း သတင်းအရ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စလင်းမြို့နယ်၊ သနပ်ချောင်းကျေးရွာနေ အောင်မျိုးသူ(၂၄)နှစ်သည် နံပါတ်မပါ TARYAN-110 အစိမ်းရောင် ဆိုင်ကယ်အား မောင်းနှင်ပြီး အစ်မဖြစ်သူ မဥမ္မာဌေး(၄ဝ)နှစ်အား နောက်မှ တင်ဆောင်၍ စလင်း-ဆင်ဖြူကျွန်း ကားလမ်းအတိုင်း ဆင်ဖြူကျွန်းမှ စလင်းသို့ မောင်းနှင်လာစဉ် စလင်းမြို့ မောင်းတံ ဂိတ်အနီး အရောက် ဆိုင်ကယ်မရပ်မီ မဥမ္မာဌေးမှ ခုန်ဆင်းလိုက်သဖြင့် ကားလမ်းပေါ်သို့ လဲကျရာမှ ယာဂျိုစောင်း ဖူးရောင်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး စလင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်အား ပေါ့ဆစွာ မောင်းနှင်သူ အောင်မျိုးသူအား စလင်းမြို့နယ်၊ မြို့မ ရဲစခန်း ယာဉ် (ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment