Tuesday, July 21, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် ပေါက်မြို့နယ်၊ မြင်းခြံကုန်းကျေးရွာ ကိုခင်စိုး၏ ဆိုင်ကယ်ပြင် ဆိုင်အနီး၌ အမျိုးသမီးတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

၎င်းမှာ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာနေ မမူမူစန်း (ခ)မူမူသန်း၊ ၄ဝ နှစ်ဖြစ်ပြီး ၎င်း လက်ထဲတွင် ကျားဝတ်ရှပ်အင်္ကျီလက်တို(၇)ထည် ၊ မ ဝတ်အင်္ကျီမျိုးစုံ (၆)ထည် ၊ စုစုပေါင်းတန်ဘိုး (၁ဝ၈,၄ဝဝိ/-)ခန့်ရှိ အဝတ်အထည်များအား ပလပ်စတစ်ခြင်းတွင် ထည့်လျှက်ယူဆောင်လာကြောင်း တွေ့ရှိရသဖြင့်မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြောပြနိုင်ခြင်းမရှိ သဖြင့် တစ်နေရာရာမှ ခိုးယူလာ သည်ဟု ယုံကြည်ရန် အကြောင်းရှိ၍ မမူမူစန်း(ခ) မူမူသန်းအား ပေါက်မြို့နယ် ၊ ရေပြာနယ်မြေ ရဲစခန်း(ပ) ၉၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video