Monday, July 20, 2015



       ကံမ ဇူလိုင် ၁၉
                       မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၌ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ခွင့်ပြုချက်ဖြင့်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလူငယ်ခေါင်းဆောင်ကို
တင့်ဇော်ဦးဆောင်သောအမျိုးသား၊အမျိုးသမီး ၁၀၀ ဦးသည် အာဇာနည်ခေါင်းဆောင်များ၏ရုပ်ပုံများ၊ လွမ်းသူ့ပန်းခွေများကိုင်ဆောင်ကြပြီး  ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ် တွင် ကံမမြို့မှစတင်၍ ၈ မိုင်ခန့်ဝေးသော ရေနံ့သာကျေးရွာရှိ     အာဇာနည်ကျောက်တိုင်သို့ ခြေလျင် လမ်းလျှောက်ခဲ့ကြသည်။အဆိုပါ ကျေးရွာသို့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်ရောက်ရှိ
ကြပြီး အာဇာနည်ကျောက်တိုင်ရှေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများအား  လွမ်းသူ့ပန်းခွေများချပြီး   စုပေါင်းအလေးပြုခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video